တမူး​​မြို့နယ်၌ အိမ်ထောင်စုလဦးရေစာရင်း (Working Group)​ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ

တမူး ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်စေရေး တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေ တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူရေး (Working Group) လုပ်ငန်းကို ဇန်နဝါရီလ (၉) ရက်၊ နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် တစ်အိမ်တက်ဆင်း လိုက်လံစာရင်းကောက်ယူ လျက်ရှိကြောင်း သိရသည်။

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ​​​ခြင်းလုပ်ငန်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်​ခြင်း​ဖြစ်​​ပြီး တမူးမြို့နယ်တွင် (၉.၁.၂၀၂၃) ရက်နေ့မှ (၃၁.၁.၂၀၂၃) ရက်နေ့အထိ ရုံးပိတ်ရက် (မပါ) ရက်ပေါင်း (၂၀) အတွင်း ကောက်ယူသွားမည်ဖြစ်ပြီး  မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၈) အုပ်စုအတွင်းရှိ ကျေးရွာ (၃၂) ရွာတို့၌ စာရင်းကောက်ယူရေးအဖွဲ့ (၄၄) ဖွဲ့တို့မှ စာရင်းကောက်ယူခြင်းကို တစ်​​​ပြိုင်တည်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် တမူးမြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး​အောင်ကျော်မိုး၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ တမူးမြို့နယ်ဦးစီးမှူး ဦးစည်သူကျော်နှင့်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များမှ ကြည့်ရှု့အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တမူးခရိုင် (ပြန်/ ဆက်)