ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ကရသူရိ ဇန်နဝါရီ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊    ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်း ကျောင်း၌    ကျောင်းသား/သူများ၏    လူငယ်စကားဝိုင်းဆွေးနွေးပွဲကို   ယနေ့ နံနက်   ၉နာရီက ကျောင်းခန်းမ‌ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဆန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့ဦးစီးမှူး  ဒေါ်အေးအေးသန်းက ကျောင်းသား/သူများ၏     အသိပညာဗဟုသုတများ    တိုးတက်လာစေရန်အတွက် အမှန်နှင့်အမှားကိုခွဲခြား သိမြင်နိုင်ပြီး အချင်းချင်းရိုင်းပင် ကူညီတတ်စေရန်နှင့် အနာဂတ်တွင် အားထားရမည့် သွတ်လက် ဖြတ်လက် သည့်သားကောင်းရတနာများဖြစ်ပေါ်စေရေး လူငယ်စကားဝိုင်းပြုလုပ်ရခြင်းတို့ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ပြန်/ဆက်ဦးစီးဌာနမှ အငယ်တန်းစာရေး ‌ဒေါ်ခြူးအိဖြူမှ ဦး‌ဆောင်၍   (Grade-9)ကျောင်းသား  မောင်ရဲသွေးက“လူငယ်နှင့် ယဉ်ကျေးမှု”    အကြောင်းကိုလည်းကောင်း၊ မောင်ရဲမြတ်သူ(Grade-10)က “လူငယ်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး”၊ မအင်ကြင်းခိုင် (Grade-10)က“လူငယ်နှင့် ပညာရေး”၊ မချိုဇင်လှိုင်(Grade-10)က “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”တို့ကို အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသည့် ‌ကျောင်းသား/သူများက မိမိသိလိုသည့်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထိုလူငယ်စကားဝိုင်းကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ထူးချွန်ထက်မြက်၍ ဝေါဟာရကြွယ်ဝသော ကျောင်းသား/လူငယ်များ ပေါ်ထွန်း စေရေး ကျင်းပပြုလုပ်ခြင်းဖြစ်ရာ  အဆိုပါစကားဝိုင်းသို့ ပြန်ဆက်ဦးစီးဌာနဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/  သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကရသူရိပြန်/ဆက်