ပေါင်းတည်မြို့နယ် အ.လ.က ကြူတောကန်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

ပေါင်းတည် ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အ.လ.က ကြူတောကန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူမြင့်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးဆင့်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နေ့စဉ်ဗဟုသုတရရှိစေမည့် စာအုပ်များကို ဖတ်ရှုလေ့လာကြရန်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးနိုင်ဝင်းသိန်းက ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဝယ်ယူစားသုံးတတ်စေရန်တို့ကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာပေးဟောပြောခဲ့​သည်။

ထို့နောက် ကျောင်းသားကျောင်းသူများက ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ စားသုံးသူရေးရာ အသိပညာပေး ဗီနိုင်းများနှင့် သုတရသစာအုပ်များကို စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)