သံတောင်ကြီး ဇန်နဝါရီ ၁၁
ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည့်စုံမှန်ကန်သည့် လူဦးရေစာရင်းများ ရရှိရေးအတွက် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် တစ်အိမ်တက်ဆင်း မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့မှစတင်၍ ရပ်ကွက် /ကျေးရွာအုပ်စုများတွင် စတင်ကောက်ယူနေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များ စာရင်းကောက်ယူရာသို့ ခရိုင်နှင့်မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း တစ်ပြိုင်တည်းပြီးစီးအောင် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
နော်နော်မူ