ဘုတ်ပြင်း ဇန်နဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့က အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အထက-ဘုတ်ပြင်းကျောင်း Grade-10 ကျောင်းသားကျောင်းသူများက "ဘက်စုံပညာကိုရည်တို့လှမ်းချီ" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ ပညာရေးသည် အခြေခံအကျဆုံးနှင့်အဓိကကျဆုံး အခန်းကဏ္ဍဖြစ်သည့်အတွက် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ဆိုတဲ့ ပညာရေးဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်အစိုးရ အနေဖြင့် နှစ်ရှည်စီမံကိန်းများ၊ မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ပညာရေး စုံညီပွဲတော်များကို ကျောင်းအဆင့် မြို့နယ်အဆင့်များတွင် မိဘဆရာပူးပေါင်း ကလေးပညာရေးကောင်းဟူသောဆောင်ပုဒ်နှင့်အညီ မိဘနှင့် ဆရာ၊ဆရာမများ တွေ့ဆုံဆွေးနွေး၍ ကျောင်းသား/ကျောင်းသူများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အချင်း ပြည့်ဝသော ကျောင်းသားကျောင်းသူများကို ဖော်ထုတ်၍ ဂုဏ်ပြုချီးမြှင့်ရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ၊ဘက်စုံထူးချွန်သူများပေါ်ပေါက်စေ၍ ဂုဏ်ပြုချီးမြှင့်ခြင်းဖြင့် ကျောင်းသား/ကျောင်းသူ များမှလေးစား အတုယူလိုက်နာကြစေရန်၊ မိဘများမှလည်း ပညာရေးစနစ်၏ သဘောတရားများကို စုံညီပွဲတော်ကျင်းပခြင်းအားဖြင့် သိရှိနားလည်ကြစေရန်၊ ရည်ရွယ်ပြီး စုံညီပွဲတော်များကို ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်စိုးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ လူရည်ချွန်ဆု၊ အထိမ်းအမှတ်နေ့များအလိုက် စာစီစာကုံး၊ပန်ချီ၊ကာတွန်းပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူး ဦးအောင်စိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်မို့မို့ခိုင်နှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဆုများကို အသီးသီးပေးအပ်ခဲ့ကြပြီး ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများက တေးသရုပ်ဖော် အက၊ အလှများဖြင့် တင်ဆက်ကပြဖျော်ဖြေကြကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် ဧည့်သည့်တော်များက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြပြီး (Grade-10)( Grade-11) ကျောင်းသား ကျောင်းသူများက ပန်းများဝေစီပွင့်နေပြီ သီချင်းသီဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရဿည်။
မြို့နယ်(ပြန်/ဆက်)