ဆန်၊ ဆီ၊ နှင့်အခြားစားသောက်ကုန်များစျေးနှုန်းချိုသာစွာ ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ရောင်းချပေး

ကန့်ဘလူ ဇန်နဝါရီ ၁၁

နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန်အတွက် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများဝယ်ယူနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်မှုဖြင့် ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်များကို ယနေ့ နံနတ် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးရာတွင် ပြည်သူများလွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများအား ဆန်၊ ဆီ၊ ငါးခြောက်နှင့် ကြက်ဥတို့ကို စျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းဖြစ်သည်။

အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်တစ်ပြည်၊ ဆီ ၁၀ ကျပ်သား၊ ငါးခြောက် ၁၀ ကျပ်သား၊ ကြက်ဥငါးလုံးစသည့် ပစ္စည်းလေးမျိုးတို့အား ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)