ငပုတော​မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်စေရေး (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်း စတင်ဆောက်ရွက်

ငပုတော ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်  အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းအား ယနေ့နံနက်ပိုင်းကစပြီး မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာများတွင် မြေပြင်ကွင်းဆင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ    ဦးကျော်သူနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများ ဦးဆောင်၍ တစ်အိမ်တက်ဆင်း လိုက်လံစာရင်းကောက်ယူရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးအောင် ကောက်ယူနိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန်အတွက် မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီနှင့် ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့များက လိုအပ်သည်များကို ကြီးကြပ်ကူညီ ဆောင်ရွက်ပေးကာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး     ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့က သတ်မှတ်နယ်မြေအလိုက် တစ်အိမ်တက်ဆင်း ကွင်းဆင်း စာရင်းကောက်ယူလျက်ရှိသည်။ ငပုတောမြို့နယ်တွင် ရပ်ကွက် (၉) ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု (၈၃)အုပ်စုမှ ကျေးရွာခွဲ ပေါင်း(၄၁၁) ရွာရှိပြီး      ကောက်ကွက် (၁၈၅)ကွက်ဖြင့် ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၃၁ရက်နေ့အထိ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။

အောင်သူ (ပြန်/ဆက်)