ချောက်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်း ​တိုက်ဆိုင်စစ်ဆေး​ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ချောက် ဇန်နဝါရီ ၉

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်း​တိုက်ဆိုင် စစ်ဆေး​ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် မြေ​​ပြင်ကွင်းဆင်း​ကောက်ယူရေးအဖွဲ့များမှ ချောက်မြို့နယ်အတွင်း​ရှိ ရပ်ကွက်(၂၀) ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၁)စုရှိ အိမ်ထောင်စု လူဦးရေစာရင်းများအား စာရင်းကောက်ကွက်(၁၆၄)ကွက်၊ ခလရ(၁၃)၊ ခမရ(၄၁၆) ခွဲ၍ ကောက်ယူလျက်ရှိသည်။

အဆိုပါစာရင်းကောက်ယူရေးအဖွဲ့တွင် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပညာ​ရေးဌာနမှ ဆရာဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများ၊ စေတနာ့ဝန်ထမ်းများ ပါဝင်ပြီးစာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)