၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ဓနုဖြူ ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူနယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေး စုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများမှ အေရိုးဗစ်အကများ၊ ကရင်ဒုံးယိမ်းအကများနှင့် ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးမှ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အထက() ဓနုဖြူမှ ကျောင်းသူများက ကလက်စုံညီရှိဦးချီ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာရေးနှစ်တွင်ဘက်စုံထူးချွန်ဆုရရှိခဲ့သော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး၊ ကျောင်းသား ကျောင်းသူများမှ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူမိဘများအား အကများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)