မြဝတီမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ပထမအကြိမ် ထောက်ပံ့ငွေများပေးအပ်ရာမှာ မပါဝင်ခဲ့သောအိမ်ထောင်စုများအား ပြန်လည်ဖြည့်စွက်ပေးအပ်

မြဝတီ၊ စက်တင်ဘာ ၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ပထမအကြိမ်ထောက်ပံ့ငွေများပေးအပ်ရာမှာ မပါဝင်ခဲ့သော အိမ်ထောင် စုများအား ပြန်လည်ဖြည့်စွက်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြဝတီမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က အဖွင့်မှာစကားပြောကြားပြီး  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်၊ ထောက်ပံ့ငွေများကို အခြေခံလူတန်းစားများထံ လက်ဝယ်အရောက်အမြန်ထုတ်ပေးသွားရန်၊ ထောက်ပံ့ငွေများကို ထုတ် ပေးရာတွင်  ကျန်မားရေးနှင့်အားကစားဝန်ကြီးဌာန၏  လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေးအတွက် စနစ်တကျထုတ်ပေးသွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
မြဝတီမြို့နယ်အတွင်း ယခင်ပထမအကြိမ်အနေဖြင့် ပုံမှန်ဝင်ငွေမရှိသည့်အိမ်ထောင်စုများအား ငွေကြေး ထောက်ပံ့ပေးအပ်ရာမှ မပါဝင်ခဲ့သောအခြေခံလူတန်းစားအိမ်ထောင် စု၁၉၂၅၅ စုများ အတွက်  တစ်ထောင်စုတစ်စုလျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် ငွေကျပ် (၃၈၅၁ဝ၀၀၀၀) ကို  ပြန်လည်ဖြည့်စွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မန်းသန်းရွှေမြင့်