ဝေါလေမြိုင်၊ စက်တင်ဘာ ၂၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ဒေသခံပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများကို ပိုမိုသိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နံနက် ၁၁ နာရီက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိ ပညာပေး နံရံကပ်စာစောင်အား ပြသထားရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်ပြသရာတွင် လူကုန်ကူးမှုတာဆီးကာကွယ်ရေး ဥပဒေ ပြဌာန်းချက်များ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့များ၏ လိပ်စာများ၊ ဖုန်းနံပါတ်များအား ဒေသခံပြည်သူများ သိရှိနိုင်ရန်အတွက် နံရံကပ်စာစောင်တွင် ပြသထားကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)