ညောင်တုန်း ဇန်နဝါရီ ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနရုံးသို့ ယမန်နေ့နံနက်ပိုင်းက ရောက်ရှိပြီး ဒေသခံဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးမှ ဝန်ထမ်းများနှင့် မိတ်ဆက်အမှာစကားပြောကြားပြီး ဌာနများ အချင်းချင်း ပူးပေါင်း၍ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရန်၊ ဆီထွက်သီးနှင့် အခြားသီးနှံစိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သော သွင်းအားစုများ ပံ့ပိုနိုင်ရေးအတွက် ကြိုးစားကြရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်တို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)