ထန်းတပင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေ များ ပေးအပ်

ထန်းတပင် (ပဲခူး) စက်တင်ဘာ ၂၄

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ စားဝတ်နေရေးနှင့် အလုပ်အကိုင်များ အခက်အခဲ မဖြစ်စေရေးအတွက် ထောက်ပံပေးသည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ သီရိရတနာရပ်ကွက်နှင့် အောင်သုခရပ်ကွက်များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် စနစ်တကျ ပေးအပ်လျက် ရှိကြောင်း သိရသည်။ 
ထန်းတပင်မြို့နယ်အနေဖြင့် ယခင်က ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအား အခြေခံစား သောက်ကုန် (၅)မျိုး၊ ဒုတိယအကြိမ်ငွေကြေး (၁၅၀၀၀)ကျပ် ၊တတိယအကြိမ် တစ်အိမ်ထောင် လျှင် ငွေကျပ် (၂၀၀၀၀) ကျပ်ဖြင့်  ထောက်ပံ့ငွေ ပေးခဲ့ပြီး ယခုအခါ ရပ်ကွက်/ ကျေးရွာအုပ်စု (၃၅)အုပ်စု အတွက် အခြေခံအိမ်ထောင်စု စုစုပေါင်း   (၁၄၉၈၈)စုအား   တစ်အိမ်ထောင်လျှင်  ငွေကျပ် (၂၀၀၀၀) ကျပ်အား သက်ဆိုင်ရာ တာဝန်ရှိသူများက  စနစ်တကျ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)