ရွှေတောင် စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တောဟိုင်ကျေးရွာအုပ်စုတွင် ယခုလ၂၁ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မန်ကျည်းပင်ပြိုလဲပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (ငါးသောင်းကျပ်)နှင့် လူဦးရေ(၅)ဦးစာ အတွက် ဆန်ရိက္ခာဖိုးငွေ(တစ်သောင်းငါးရာကျပ်)နှင့် မြောင်းတပ်အုပ်စု၊ ကန့်လန့်ကုန်း ကျေးရွာမှ အဆိုပါ လေဘေးကြောင့် ပြိုလဲခဲ့သော နေအိမ်တစ်လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (တစ်သိန်းကျပ်)၊ ကယ်ဆယ်ရေးပစ္စည်းအိမ်ထောင်စု တစ်စုစာ(၁၆)မျိုးနှင့် ဆန်ဖိုးငွေ (နှစ်ထောင့်တစ်ရာကျပ်)တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)