အုတ်တွင်း ဇန်နဝါရီ ၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်းအဖွဲ့(Youth Club)တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) ရေးသားသည့်” လူငယ်များမူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေချင်”ခေါင်းစဉ်ဖြင့် ပြုလုပ်သော စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်အသင်းအဖွဲ့ (YouthClub)ဥက္ကဋ္ဌ ဆရာဦးဘုန်းမြင့်ကိုက မူးယစ်စေသောပစ္စည်းများ၊မူးယစ်ဆေးဆိုသည်မှာ၊ လူငယ်များမူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော/ဆေးဝါးများ စွဲစေသော အကြောင်းရင်းများ၊ အရက်နှင့်မူးယစ်ဆေး၊ မူးယစ်ဆေးအစဆေးလိပ်ကဆိုသည့် စကား၊ ကွမ်းစားခြင်းကြောင့် ဖြစ်ပွားနိုင်သော ရောဂါများ၊ ဘိန်းဖြူရှုခြင်းအန္တရာယ်၊ စိတ်ကြွမူးယစ်ဆေးများသုံးစွဲခြင်းစသည့် မူးယစ်စေတတ်သောဆေးဝါးများ၏ အန္တရာယ်နှင့် ရှောင်ရန်အချက်များကို လူငယ်အသင်းအဖွဲ့ (Youth Club)ကျောင်းသားကျောင်းသူများအား ပညာပေးဆွေးနွေးပြောကြားခဲ့သည်။
အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူ လူငယ်များ စာပေအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အဆိုပါစာဖတ်ဝိုင်းကို ၂၀၁၈ခုနှစ်မှစတင်ကာလစဉ်ပုံမှန် ပညာပေးဆွေးနွေးပေးလျက်ရှိကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)