သရက်မြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပါ်တုန့်ပြန်ရေးကော်မတီမှ (Mask) တပ်ဆင် သွားလာခြင်းမရှိသူများအား ကြပ်မတ် စစ်ဆေး

သရက် စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပါ်စေရေးကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈) နာရီက သရက်မြို့၊ မြို့မဈေးထိပ်၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများအား ကြပ်မတ် စစ်ဆေး၍ ပညာပေးခြင်းလုပ်ငန်းများနှင့်  (Mask) တပ်ဆင်မလာသူများအား ချက်ချင်း တပ်ဆင် စေခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုအား ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှ မော်တော် ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ယာဉ်များနှင့် ဈေးရောင်း၊ ဈေးဝယ် ခရီးသွား ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ခြင်းရှိ/ မရှိ စစ်ဆေးကာ နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို (Mask)တပ်ဆင်စဉ်နည်းလမ်းမှန်ကန်စေရေး လက်တွေ့ပြသ၍ တပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့သည်။

အလားတူ အောင်လံ-သရက်ပဲ့ထောင်ဆိပ်၊ မြို့အဝင်အနောက်ဂိတ်နှင့် သတ္တဌာနဘုရား လမ်းဆုံများတွင်လည်း အဖွဲ့များခွဲ၍ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)