ငပုတော ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြိူ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှုးများ ရပ်ကျေးစာရေးများ၏ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၁)နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူးရဲမှူး မြင့်ရွှေ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက မြေပြင်စာရင်း ကောက်ယူရေးဆိုင်ရာကိစ္စများ အသေးစိတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျေးရွာသန့်ရှင်း သာယာလှပစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အတွက် ကျေးရွာတာဝန်ရှိသူများ အနေဖြင့် ဂရုတစိုက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပဲတီစိမ်းစိုက်တောင်သူများသွင်းအားစု ပံ့ပိုးရေး အတွက် အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပရေး အပါအဝင် အထွေထွေလုပ်ငန်းကိစ္စရပ်များ ဆွေးနွေးရန် လိုအပ် ကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးမြင့်ရွှေက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သတ်၍ လိုအပ်သည်များကို မှာကြားခဲ့ပြီး အဖွဲ့ဝင်(၂) ဦးသန်းဦးက ရပ်ကွက်၊ ကျေးရွာသန့်ရှင်းသာယာလှပရေးအတွက် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရ သည်။
အောင်သူ(ငပုတော)