ပိုင်ကျုံမြို့ အ.ထ.ကပေါင်ကျောင်း၌ ပညာရေးဝန်န၏ခွင့်ပြုရန်ပုံ‌ငွေဖြင့် နှစ်ထပ်ကျောင်း ဆောင်သစ်တစ်လုံးတည်ဆောက်ခြင်းပေးလျက်ရှိ

ပိုင်ကျုံ  ဇန်နဝါရီ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပေါင်ကျေးရွာအုပ်စု ပေါင်ကျေးရွာ အ.ထ.က ပေါင်ကျောင်း၌ RCC ဖြင့် (ပေ ၃၀× ပေ ၃၀)ရှိ နှစ်ထပ်ကျောင်းဆောင်သစ်တစ်လုံး တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်း‌ဆောင်သစ်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် (၃၀၄.၂၀၀)သန်းဖြင့် Gold-46 ကုမ္ပဏီမှ တာဝန်ရှိသူများတို့မှ အောက်တိုဘာလအတွင်း စတင်တည်ဆောက်ပေးခဲ့ကြောင်း ယင်းကျောင်းဆောင်သစ်အား သတ်မှတ်သည့် အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် တာဝန်ခံအင်ဂျင်နီယာနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းများပြီးစီးပါက အ.ထ.ကပေါင်ကျောင်းတွင် ပညာလေ့လာသင်ယူနေသည့် ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် စိတ်အေး ချမ်းသာစွာနှင့် အဆင်ပြေစွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)