သာပေါင်း ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ပညာရေးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ကာယ၊ ဉာဏ၊ ရသ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က သာပေါင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)သော်ကဆောင်ခန်းမ၌ ကျင်းပသည်။
သာပေါင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)မှ ကျောင်းသား၊ ကျောင်းသူ လေးများက "စုံညီပွဲတော် တို့နွှဲပျော်" သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက် အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်သီသီစိန်က ပညာရေးရည်မှန်းချက်များ၊ မြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သက်နိုင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ သူလေးများက “ပြည်ထောင်စုရဲ့ ထာဝရအလှ”၊ “ပန်းကလေးများရဲ့ ဥယျာဉ်မှူး”၊ "ထာဝရ သစ္စာ"၊ "ရွှေမိုး ငွေမိုး"၊ "အချိန်တန်ပြီ"၊ "မျှော်လင့်နေတုန်း ပျို့ဖုန်းလှမ်းခဲ့ပါ"၊ "ယဉ်တကိုယ်မယ် တေးသရုပ်ဖော်"၊ တပင်တိုင် မင်းသားအက၊ "ဆံရစ်ဝိုင်း"၊ "အချိန်၏ တန်ဖိုး" စသည့် တေးသရုပ်ဖော် အကအလှပဒေသာများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကာယ၊ဉာဏ၊ရသ ထူးချွန်ဆု(၁၁၀)အား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တေးသရုပ်ဖော် အကအလှ တင်ဆက်ဖျော် ဖြေရေးအဖွဲ့များအား ဆုများဆက်လက်ချီးမြှင့်အားပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း