ဒိုက်ဦး ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ဒိုက်ဦးမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အထက(၂)ဒိုက်ဦးကျောင်းမှ ကျောင်းသား/သူများမှ မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေပြီးနောက် ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒိုက်ဦးမြို့နယ် ဒု-မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထွန်းထွန်းက အမှာစကားပြောကြားပြီး ဒိုက်ဦးမြို့နယ် ဆရာတော်စောအယ်စိုး ဦးဆောင်သော နှစ်ခြင်းခရစ်ယာန် အသင်းတော် သားများ အဖွဲ့မှ"Grand March"သီချင်းဖြင့် ဧည့်ပရိတ်သတ်များအား အဖွင့်ဖျော်ဖြေ တင်ဆက်ခဲ့ပြီး ဆုများချီးမြှင့်ခြင်းအစီအစဉ် ကျင်းပပြီး အလက(ခွဲ)ဒရယ်မီး Grade-9 ကျောင်းသူလေးများက မွန်ရိုးရာသီချင်းဖြင့် ဆက်လက်ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်အား အထက(၁)ကျောင်းမှ ကျောင်းသား/သူလေးများမှ "ပြည်ထောင်စု၏ထာ၀ရအလှများ" သီချင်းဖြင့် အပိတ်ကပြဖျော်ဖြေပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)