ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် အတွင်းရှိအခြေခံ ပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကိုစုံညီပွဲတော်တို့ နွဲပျော်သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းနိုင်က အဖွင့်အမှာ စကားပြောကြားပြီးတောင် ငူခရိုင်ပညာ ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းကစုံညီပွဲတော်ကျင်းပရခြင်း အကြောင်း ပြောကြားရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာ ထူးချွန် ရေးတို့အတွက် မိမိတို့ ပညာရေးဌာန၊ ဆရာ/ဆရာမများ၊ကျောင်းသား မိဘများမှ ပူးပေါင်းဆောင်ရွက်ရေး၊ ယခုကဲ့သို့ ထူးချွန် ကျောင်းသားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာ စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ ကျောင်း သားတို့မှ ဆက်လက် ကြိုးစား ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအားအသီးသီး ဆုများချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေ ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)