ကမမောင်း ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျေးလက်ကျန်းမာရေး ဦးစီးဌာနတွင်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်ကျန်းမာရေးဌာနမှ ၀န်ထမ်းများက အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန် ၀မ်းပျက်၀မ်းလျှော၊ (ရိုတာ) ပိုလီ ယိုပြင်း ထန် အဆုတ်ရောင် (ပီစီဗီ) ၀က်သက်ဂျိုက်သိုး ကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြား အလိုက် ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံသော အသက် တစ်နှစ်ခွဲအောက် ကလေးငယ်(၂၃၅)ဦးလာရောက် ထိုးနှံခဲ့ကြောင်းသိရသည်။
အဆိုပါ ပုံမှန် ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့် မိခင်နှင့်ကလေးများအား ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ အ၀င်တွင်လက်ကို စနစ်တကျဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)