လက်ပံတန်း ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်အိမ်ထောင်စုလူဦးရေစာရင်း စံပြကောက်ကွက် မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ရေကန်ကျေးရွာအုပ်စု ရေကန်ကျေးရွာ၌ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ကျေးရွာအုပ်စု ၅၃ အုပ်စုကောက်ကွက် ၁၀၂ ကွက်ရှိပြီး၊ ရေကန်ကျေးရွာ အိမ်ခြေ ၆၀ အား ကျေးရွာမြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း စာရင်းကောက်ယူဆောင်ရွက်နေခြင်းကို မြို့နယ်မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ဝင်းခိုင်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး၊ လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ ရပ်ကျေးအဖွဲ့များနှင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှစတင်၍ ၃၁ ရက်နေ့အထိ အပြီးသတ်ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။
မြို့နယ် (ပြန်/ဆက်)