အ.ထ.က (ကျွန်းလှ) ‌၌ ၂၀၂၂-၂၀၂‌၃ ပညာသင်နှစ် ပညာရေးစုံညီပွဲ ကျင်းပ

ကျွန်းလှ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက ပညာရေးစုံပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူးဦးမြင့်လွင်က အမှာစကားပြောကြား၍ ကျောင်းအုပ်ဆရာကြီး ဒေါ်အေးအေးစိုးက ကျောင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူရည်ချွန်ဆု၊ ပညာသင်ဆုနှင့်ကဗျာ၊ စာစီစာကုံး၊ ပန်းချီဆုရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေကြရာ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)