အသက်၂လ မှ ၁နှစ်ခွဲ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးများ ပေါင်းတည်၌ထိုးနှံပေး

ပေါင်းတည် ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၌ အသက် ၂လ မှ ၁နှစ်ခွဲ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးများကိုယမန်နေ့ နံနက်ပိုင်းကထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုသည် မွေးစက အသည်းရောင် အသည်းဝါ (ဘီ)မထိုးနှံခဲ့ရသော အသက်၂ လ ကလေးများအပါအဝင်၊ အသက်၂လ၊ ၄လနှင့် ၆လ၊ကလေးများကို ဘီစီဂျီ၊ ပိုလီယို၊ပြင်းထန် ဝမ်းပျက် ဝမ်းလျှော( ရိုတာ )၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)နှင့်ငါးမျိုးစပ် ကာကွယ်ဆေးများ၊ ၉လ အရွယ်ကလေးများကို ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ် ဆေးများနှင့်၁နှစ်ခွဲ ကလေးများကို ငါးမျိုးစပ် ကာကွယ်ဆေးများကိုပုံမှန် ဆေးထိုးနှံ ပေးခြင်းဖြစ်ကြောင်း ၊ အသက်၂လ အရွယ်မှ ၁နှစ်ခွဲ အထိ စုစုပေါင်း ကလေး ၇၅ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၃၁ ဦးတို့ကို ပုံမှန်ကာကွယ်များ ထိုးနှံပေးခြင်း၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းထံမှသိရသည်။

သူရကြီး(ပြန်/ဆက်)