ဖောင်းပြင် ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ အမက(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံးညီပွဲတော်ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဝင်းညွှန့်က အမှာစကားပြောကြားကာ ကျောင်းသား၊ ကျောင်းသူများကို ဩဝါဒစ ကားပြောကြားသည်။
ယင်းနောက် ကျောင်းတွင်း ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီးချီးမြှင့်ပေးကာ အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုထွန်း( ဖောင်းပြင်)