ကိုဗစ်-၁၉ ရောဂါ စနစ်တကျကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်  စက်တင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီမဏ္ဍိုင်မြို့တွင်  ကိုဗစ် - ၁၉  ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန်အတွက်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့က မြို့ပေါ်ရပ်ကွက်အတွင်းရှိ  ပြည်သူများအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေးဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအား  ကိုဗစ်-၁၉  ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ် စေရန်၊ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များကို  လိုက်နာဆောင်ရွက်ကြရန်၊ မိမိ အိမ်မှာသာနေရန်၊   လူစုလူဝေးရှောင်ရှားရန်၊   တစ်ဦးနဲ့တစ်ဦး  ၆ ပေ  အကွာနေထိုင်ရန်၊  အပြင်ကပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာနှင့်အနည်းဆုံးစက္ကန့် ၂၀ ကြာစနစ်တကျဆေးရန်၊ အပြင်သွားရာ တွင် မက်(စ်) တပ်ဆင်ပြီးမှသွားလာရန်  စသည့်ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ  လိုက်နာဆောင်ရွက်ကြရန်အတွက်   အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးလွင်(ပြန်/ဆက်)