ကရသူရိမြို့၌ ရှားပါးမျိုးစိပ် ပင်လယ်ဂဏန်းမဲ ဈေးကောင်းရရှိ

ကရသူရိ ဇန်နဝါရီ  ၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဂဏန်းရှာဖွေသူ  ဒေသခံရေလုပ်သားများသည် ပျောက်ကွယ်လုနီးပါးဖြစ်သည့် ရှားပါးမျိုးစိပ် ပင်လယ်ဂဏန်းဈေးကောင်းရရှိနေ၍ ဂဏန်းရှာဖွေသူ များပြားလျက်ရှိသည်။

ရေလုပ်သားများအနေဖြင့် ၎င်းတို့၏ မိသားစု စားဝတ်နေရေးအတွက် ငါး၊ ပုဇွန်၊ ဂဏန်းနှင့် ပင်လယ်ရေသတ္တဝါများကို မှီခိုအားထားနေရသော်လည်း ဈေးကောင်းမရရှိခဲ့သည့် အတွက် လုံလောက်မှုမရှိကြောင်း ယခုရာသီတွင် ဂဏန်းဈေးပြန်ကောင်းလာဖြင့် ရှာဖွေသူများပြားခြင်း ဖြစ်ကြောင်း သိရသည်။

“ဂဏန်းကြီး/ငယ်ပေါ်မူတည်ပြီး ဈေးပေးတာပေါ။ ဂဏန်းမဲ အကောင်ကြီးဆိုရင် ဈေးကောင်း ရပြီး ထိုအမျိုးအစားကို ဝယ်ယူသူတွေက ပိုကြိုက်နှစ်သက်ကြတယ်လေ။ ယခင်က ဂဏန်းတစ်ပိဿာ (၈၀၀၀) ကျပ်သာ ရရှိပြီး လက်ရှိ ဝယ်ဈေးက (၁၁၅၀၀) ကျပ်ရနေတော့ ဈေးကောင်းလာတာပေါ” ဟု ဂဏန်းရှာဖွေသူတစ်ဦးကပြောသည်။

အဆိုပါ ဂဏန်းရှာဖွေသူများသည် တစ်ပတ်စာ(ဒေသအခေါ်အဝေါ်-တစ်ဖျားစာ) ရိက္ခာ များဖြင့် ပင်လယ်ပြင်ရှိ ဒီရေတောများ၌ ရေကျချိန်တွင် ဂဏန်းခုတ်(ဂဏန်းပိုက်)ကို လိုက်လံ   ချမှတ် ရပြီး ဒီရေပြည့်ချိန်တွင် ပြန်လည်ဖော်ယူဖမ်းဆီးခြင်းမျိုးဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)