ကျိုက်ဒုံမြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင် အသိပညာပေးမှုများ အရှိန်အဟုန်မြှင်ဆောင်ရွက်

ကျိုက်ဒုံ စက်တင်ဘာ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင်၊ ယနေ့နံနက်၇နာရီက မြို့မဈေးတွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်စေရေးအတွက် ဈေးရောင်းဈေးဝယ်သူများ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းမှုများကို အရှိန်အဟုန် မပျက်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့ စည်ပင်ဦးစီးမှူးနှင့်အဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရေး အတွက် ဈေးရောင်းဈေးဝယ်သူများအား နှားခေါင်းပိတ်များ တပ်ဆင်ကြရန်၊ လက်အိတ်များစွပ်၍ ဈေးရောင်းကြရန်၊ မိမိတို့၏လက်များကို လက်ဆေးဆပ်ပြာ၊ ဟန်ဂျယ်များ အသုံးပြု၍ မကြာခဏ ဆေးကြောကြရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် ရှောင်ရှား ကြရန်စသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး နှားခေါင်းစည်းများကို ဖြန့်ဝေဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းနိုင်