ဝေါမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများသို့ ထောက်ပံ့ငွေများပေးအပ်

ဝေါ စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင်  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများသို့ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့်  ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ယမန်နေ့ နံနက် ၁၀ နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသီးသီးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်−၁၉ ကပ်ရောဂါ ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန်(၅)မျိုး၊ ဒုတိယအကြိမ်အဖြစ် အကြောင်းအမျိုးအမျိုးကြောင့် ကျန်ရှိနေသည့် အိမ်ထောင်စုများသို့ ငွေကျပ်(၁၅၀၀၀)၊ တတိယ အကြိမ်ငွေကျပ်(၂၀၀၀၀)တို့ကို  ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ရာ  ယခုငွေကျပ် (၂၀၀၀၀) ထောက်ပံ့ ခြင်းသည် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)