လေးမျက်နှာ ဇန်နဝါရီ ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိမ်ကုန်းကျေးရွာအုပ်စု သိမ်ကုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်း၌ ဒုတိယအကြိမ်အဖြစ် မြစိမ်းရောင်ချေးငွေထုတ်ချေးခြင်းကို အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစေရန် စီမံကိန်းများရေးဆွဲကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်ချေးငွေ ထုတ်ချေးသည့် စီမံကိန်းလုပ်ငန်းသည်လည်း အပါအဝင်ဖြစ်ရာ စီမံကိန်းချေးငွေများဖြင့် ကျေးလက်နေပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အဆိုပါကျေးရွာနေ စိုက်ပျိူးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်သူစုစုပေါင်း (၉၃) ဦးအား ဒုတိယအကြိမ်အဖြစ် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၃၀၅) သိန်းကို နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြစိမ်းရောင်ချေးငွေထုတ်ချေးခြင်းကို လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဝန်ထမ်းများမှပြည်သူများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။
ကျော်ဟိန်း (ပြန်/ဆက်)