သံတောင်ကြီးမြို့နယ်တွင် မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြ

သံတောင်ကြီး ဇန်နဝါရီ ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြပွဲကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဖြိုးက မီးသတ်ဆေးဗူးအ သုံးပြုပုံ၊ မီးလောင်မှုဖြစ်ပါက မီးသတ်ဆေး‌ဗူးဖြင့် မီးငြိမ်းသတ်ရမည့် အနေအထားများကို ပြောကြားပြီး မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိ ဦးဝေဖြိုးမောင်နှင့် ဝန် ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနော်လော်မူနှင့် ဝန်ထမ်း များ၊ ဒေသခံပြည်သူများက မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြခဲ့ကြကြောင်း သိရ သည်။

နော်နော်မူ