ခန္တီး စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ Facility Quarantine ထားရှိသူ (၁၆) ဦး၏ နှာခေါင်း အာခေါင်တို့ပတ် (Swab) များအား ဓာတ်ခွဲနမူနာစစ်ဆေးရန် ယမန်နေ့ည ၄ နာရီအချိန်တွင် ခန္တီးမြို့မှ ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံသို့ ပေးပို့ပြီး ဟုမ္မလင်းမြို့မှ မန္တလေးမြို့သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။
''ခန္တီးမြို့နယ်ရှိတံဲ့ Quarantine ဝင်သူအားလုံးရဲ့ Swab တွေ ရယူပါတယ်။ မနေ့က Negative အဖြေထွက်တဲ့ ဟုမ္မလင်းမြို့ ပိုးတွေ့လူနာနဲ့ အမြန်ရေယာဉ်တစ်စီးတည်း စီးလာသူကိုလည်း ပြန်စစ်ဖို့ Swab ပြန်ယူပါတယ်'' ဟု ခန္တီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါ်ဆွီးနွမ်းက ပြောသည်။
အဆိုပါ ခန္တီးမြို့မှ Quarantine ထားရှိသူ (၁၆) ဦး၏ Swab များကို လဟယ်မြို့နယ်မှ စစ်ဆေးရန် ပေးပို့သည့် Quarantine ဝင်သူ ( ၁၂ ) ဦး၏ Swab များနှင့်အတူ ဟုမ္မလင်းမြို့သို့ ပေးပို့ခြင်းဖြစ်ပြီး ဟုမ္မလင်းမြို့နယ်ရှိ Quarantine ဝင်သူများ၏ Swab များနှင့် အတူ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနဓာတ်ခွဲဌာနသို့ ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ကြောင်း ခန္တီးခရိုင် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နန်းမြတ်မြတ်မွှေးထံမှ သိရသည်။
အမ်းအင်းလမ်း