လှိုင်းဘွဲ၊ စက်တင်ဘာ ၂၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work ထောက် ပံ့ရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ ၂၅ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးအောင်မြင်ပြီးဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာ (၂၅) ရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀) စီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရေပိုက်လှိုင်းသွယ်တန်းခြင်းလုပ်ငန်း (၃) ခု၊ ကျန်းမာရေးလုပ်ငန်း (၅) ခု၊ ပညာရေးလုပ်ငန်း (၆) ခု စသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၃၀) ခုတို့အား ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်သည်။
Cash for Work စီမံကိန်းလုပ်ငန်းသည် ကျေးလက်နေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေး အခက်အခဲများကို ကုစားပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် မိမိတို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရွေးချယ်ကာ ချက်ချင်းလုပ်အားပေးချေစနစ်ဖြင့် မြို့နယ်အတွင်း ကျေးရွာ (၂၅) ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ရာ စိုက်ပျိုးရေး၊ မွေး မြူရေးများမှ ထွက်ရှိလာသည့် ကုန်ထုတ်ထွက်ကုန်များ၊ ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူသယ်ယူပို့ဆောင်နိုင်ခြင်း စသည့်ကျေးလက်ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)