လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအနေဖြင့် စားသောက်ဆိုင်များအား ပါဆယ်စနစ် ဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေး

လှိုင်းဘွဲ၊      စက်တင်ဘာ   ၂၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့ပေါ်(၄)ရပ်ကွက်ရှိ အခြေခံစားသောက်ကုန်များ၊ လက်ဖက် ရည်ဆိုင် များအား ကိုဗစ်-၁၉ ကာလအတွင်း ဆိုင်ထိုင်စားသောက်ခွင့်မပြုကြရန်နှင့် ပါဆယ်စနစ်ဖြင့် သာ ရောင်းချရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ  ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊ ပြည်သူ့ ကျန်မာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့တို့က မြို့ပေါ်(၄)ရပ်ကွက်ရှိ အခြေခံ စားသောက်ကုန်များ၊ လက်ဖက်ရည်ဆိုင် များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွန်ကြားချက်နှင့်အညီ ကိုဗစ်-၁၉ ကာလအတွင်း ဆိုင်ထိုင် စားသောက် ခွင့်မပြုရန်နှင့်ပါဆယ်စနစ်ဖြင့် ရောင်းချရေးကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် အခြေခံစားသောက်ဆိုင်များအား သတ်မှတ်ချက်နှင့်အညီ ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။


မြို့နယ်(ပြန်/ဆက်)