နတ်မောက်မြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

နတ်မောက် စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်ထွေ/အုပ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ရပ်/ကျေး စာရေးဝန်ထမ်းများအား နိုင်ငံတော်မှ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မိမိတာဝန်ကျရာ ရပ်ကွက်/ ကျေးရွာများတွင် ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းများကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဩဂုတ်လ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အစိုးရရုံးပိတ်ရက် (၁၉) ရက်အတွက် တစ်ဦးလျှင် နေ့တွက်စရိတ် (၄၈၀၀) ကျပ်နှုန်းဖြင့် ငွေကျပ် ၉၁၂၀၀ကျပ် နှုန်းကို  ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်း(၈၀)ဦးအတွက်  စုစုပေါင်းငွေကျပ်(၇၂၉၆၀၀၀)    ကိုပေးအပ်ခဲ့ကြောင်းသိရသည်။

ဝင်းမေထွန်း(နတ်မောက်)