စလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

စလင်း ဇန်နဝါရီ  ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကျင်းပသော (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်းနှင့် ဌာနဆိုင်ရာ အားကစားနည်းအလိုက် ဆုရရှိသူများ ဆုချီးမြှင့်ခြင်းနှင့် ပိုက်ကျော်ခြင်းအလွတ်တန်း ဗိုလ်လုပွဲနှင့် တတိယနေရာ ဗိုလ်လုပွဲများကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်မှစတင်ကာ စလင်းမြို့နယ်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ (၂၇) ရက်နေ့မှစတင် ယှဉ်ပြိုင်ကစားခဲ့ကြရာ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြေမိရပ်ကွက် ဒို့မိတ်ဆွေဖူဆယ်ကွင်း၌လည်းကောင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲများကို စလင်းမြို့ ရွှေမန်းဇာတ်ရုံကြီးအတွင်း၌လည်းကောင်း၊ ဌာနဆိုင်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးဝန်းအတွင်းနှင့် အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲများကို မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားရုံတွင်လည်းကောင်း၊ ဘောလီဘော၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို သက်ဆိုက်ရာ အားကစားကွင်းများတွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ၊ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်းပေါင်း (၁၂)သင်း အုပ်စုပတ်လည်မှ ဆီမီးဖိုင်နယ်အကြိုဗိုလ်လုပွဲများကို မြို့နယ်အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံတွင် တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲများကို ယှဉ်ပြိုင်ကစားကြရာ မာန်ဟုန်အသင်းနှင့် အောင်သရဖူအသင်း ယှဉ်ပြိုင်ကစားကြရာ အောင်သရဖူအသင်းမှ အနိုင်ရကာ တတိယဆုရရှိခဲ့ပြီး၊ နောက်ဆုံးအလွတ်တန်းပိုက်ကျော်ခြင်း ဗိုလ်လုပွဲကို ကျော်စွာအသင်းနှင့် သန်းသန်းလေးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သန်းသန်းလေးအသင်းက ၂၁ မှတ် ၁၉ မှတ်၊ ၂၂ မှတ် ၂၀ မှတ်၊ ၂၅ မှတ် ၂၄ မှတ် တို့ဖြင့် အနိုင်ရကာ ပိုက်ကျော်ခြင်းအား အနိုင်ရရှိခဲ့သည်။

ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲများ ယှဉ်ပြိုင်ကစားကြပုံများကို ပြိုင်ပွဲဝင်အသင်းများနှင့် ဆုရရှိကြသည့် အသင်းများ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအသင်းနည်းပြများ၊ အားကစားချစ်မြတ်နိုးသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲဝင်အားကစားနည်းအလိုက် ဆုရရှိသည့်အသင်းများမှ သတ်မှတ်နေရာများတွင် နေရာယူကြပြီး ဌာနဆိုင်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူမျာအား ဗိုလ်မှူးထင်လင်အောင်ကလည်းကောင်း၊ အလွတ်တန်း ကြိုက်တောင်ရိုက်၊ အငယ်တန်း၊ အကြီးတန်း စားပွဲတင်တင်းနစ်ကစားနည်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲအသီးသီးတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် ၊ ဗိုလ်မှူးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးတို့က ဆုများ ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရှိရသည်။ ပြိုင်ပွဲအားကစားနည်းအလိုက် ကူညီဆောင်ရွက်ပေးခဲ့သည့် ဒိုင်သူကြီး (၅) ဦးတို့အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆုရရှိသည့် အားကစားသမားများ အမှတ်တရဓာတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။

 မြို့နယ်(ပြန်/ဆက်)