ပဲခူးအချုပ်ထောင်မှ အကျဉ်းသား/ အကျဉ်းသူ ၅၉ ဦး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး

ပဲခူး ဇန်နဝါရီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့  အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအအရ ငဲ့ညှာ ထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၄၀၁)ပုဒ်မခွဲ (၁)အရအမိန့်အမှတ် (၁/၂၀၂၃)ဖြင့် ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ပဲခူးအချုပ်ထောင်မှ အကျဉ်းသား/အကျဉ်းသူ ၅၉ ဦးတို့အား ယမန်နေ့မွန်းလွဲပိုင်းက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည့် အကျဉ်းသား/အကျဉ်းသူများအား တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများပြောကြားပြီး ထောင်လွှတ်လက်မှတ်နှင့် ခရီးစရိတ်ငွေများ ပေးအပ်ခဲ့ကာ ပဲခူးအချုပ်ထောင်မှ လွှတ်ပေးခဲ့သည်။ ယနေ့ပဲခူးအချုပ်ထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရှိသည့် မြန်မာနိုင်ငံသားအကျဉ်းသား အမျိုးသား(၅၆)ဦး၊ အမျိုးသမီး (၃)ဦး စုစုပေါင်း(၅၉) ဦးဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)