ပြည် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့၊ မြို့နယ်အားကစားကွင်း၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများစည်ကားသိုက်မြိုက်စွာကျင်းပကြောင်းသိရသည်။
ထိုသို့ကျင်းပရာတွင် ထုတ်ဆီးတိုး၊ ခေါင်းအုံးရိုက်၊ လွန်ဆွဲနှင့် လျှောတိုင်တက်ပြိုင်ပွဲ စသည့်ပျော်ပွဲရွှင်ပွဲများအပါအဝင် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀) အပြေးပြိုင်ပွဲများကျင်းပခဲ့ပြီး ယင်းပြိုင်ပွဲများတွင် ပြည်မြို့ရှိ တက္ကသိုလ်/ ကောလိပ်အသီးသီးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များမှ လူငယ်မောင်မယ်များ ပါဝင်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲများအလိုက် တစ်ဦးချင်းနှင့် အသင်းလိုက် ဆုရရှိသူများကို ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ ဆက်)