နတ်မောက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

နတ်မောက်  ဇန်နဝါရီ   

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက် ၈နာရီအချိန် က ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင်  လျောတိုင်တက်ပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ ခြေပူးတွဲအပြေးပြိုင်ပွဲ၊ အာလူးကောက် အပြေးပြိုင်ပွဲ၊ ကုလားထိုင်လုပြိုင်ပွဲ၊ ကင်မြီးကောက်အပြေးပြိုင်ပွဲများကို မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ၊  ကျောင်းသား/သူများနှင့် ဌာနဆိုင်ရာများ ပျော်ရွှင်စွာကစားခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)