ကသာ ဇန်နဝါရီ ၄
၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၈)နာရီအချိန်က ကသာခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မီတာ (၄၀၀) အားကစားကွင်တွင် ကျင်းပပြုလုပ်သည်။
ထိုသို့ကျင်းပရာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပျော်ပွဲ၊ ရွှင်ပွဲပြိုင်ပွဲများအဖြစ် (အမျိုးသမီး)အလွတ်တန်း ထုတ်ဆီးထိုးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဇကောရွက်ပြိုင်ပွဲနှင့်မုန့်စားပြိုင်ပွဲ စသည့်အားကစားပြိုင်ပွဲပေါင်း (၄)မျိုးတို့ ယှဉ်ပြိုင် ကစားကြရာ ဆုရရှိသူများကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည်ဝန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်နှင့် ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲသို့ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အားကစား ဝါသနာရှိင်များနှင့် ကျောင်းသား/ ကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ခရိုင်ပြန်ဆက်)