ဆိပ်ဖြူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ဆိပ်ဖြူ     ဇန်နဝါရီ     

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဇန်နဝါရီလ ရက်နေ့မှ စတင်၍ ကျင်းပဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အားကစားကိုအခြေခံ၍ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေးဇာတိမာန်ထက်သန်လာစေရန်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားစေပြီး မြန်မာ့အားကစားမှ ကမ္ဘာ့ အားကစားဆီသို့ တက်လှမ်းနိုင်စေရန်နှင့် ယခုပြိုင်ပွဲများမှ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများပေါ်ထွန်းလာပြီး လေ့ကျင့်ပျိုးထောင်မြေတောင်မြှောက်ပေးနိုင်ရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို အလွတ်တန်း ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့်  လွန်ဆွဲပွဲများအပြင် ကလေးသူငယ်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။          

စိုးလင်းနိုင်(IPRD)