မင်းလှ ဇန်နဝါရီ ၄
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လှည်းကူးအုပ်စု၊ ရေကြည်ကျေးရွာတွင် ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီချိန်က ကျေးရွာဖွံ့ဖြိုး တိုးတတ်ရေး(VDP)ဖြင့် ဆောင်ရွက်သည့် ဂဝံမြေနီလမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
လမ်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ ရေကြည် ကျေးရွာသူ/ ကျေးရွာသားများ ကိုယ်စားကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင် စကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးကော်မ တီဥက္ကဌနှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်မင်းဟန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းအား လှည့် လည်ကြည့်ရှု့ခဲ့ကြသည်။
အဆိုပါလမ်းအား၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေး (VDP)ရန်ပုံငွေ (၁၀.၀၀ ) ကျပ် သန်းဖြင့် လမ်းခင်းကျင်းခြင်းမှာ အရှည် ၂၁၀၀ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၆ လက်မရှိကြောင်းသိရသည်။
ပေါက်စ (မင်းလှ)