(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနား မင်းတပ်မြို့၌ ကျင်းပ

မင်းတပ်         ဇန်နဝါရီ        ၃

မင်းတပ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက်ရှိ အဆိုပါလမ်းပေါ်တွင် ယနေ့နံနက် (၉)နာရီအချိန်တွင် ကျင်းပသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကတ္တရာလမ်းသစ်ကို စစ်နယ်မြေမှူး၊ ဗိုလ်မှူးကြီးအောင်မြတ်ထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးသန်း၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဒေါ်မေသူလတ်နှင့် မြို့မိမြို့ဖဦးထန်းနိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက်စစ်နယ်မြေမှူး၊ ဗိုလ်မှူးကြီးအောင်မြတ်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိမြို့ဖများက အဆိုပါကတ္တရာလမ်းအားကြည့်ရှုခဲ့ကြသည်။ အဆိုပါကတ္တရာလမ်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ ကျပ်သန်း(၂၀)ဖြင့် လမ်းအရှည်(၉၈၀)ပေ၊လမ်းအကျယ်(၁၂)ပေအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)