သာယာဝတီ ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးယုဝါအောင်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်သည့် စွမ်းရည်သတ္တိများရှိစေရန်၊ အနာဂတ်မြန်မာနိုင်ငံတော်အတွက် အားကိုးအားထာရသော လူတော်လူကောင်းများဖြစ်လာအောင် အတတ်ပညာသာမက အသိပညာပါ ရရှိစေရန်အတွက်ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်စာစီစာကုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၁၅)ဦးက "လွတ်လပ်ရေးအချက် တိုင်းပြည်အသက်" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယဆုနှင့်နှစ်သိမ့်ဆု နှစ်ဆုရရှိကြသူများအား ဇန်နဝါရီလ (၄)ရက် လွတ်လပ်ရေးနေ့တွင်ဆုများ အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)