စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

မင်းဘူး          ဇန်နဝါရီ        ၃       

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် တက်ရောက်လာကြသူများက စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဧည့်ခံဖျော်ဖြေရေးအဖွဲ့ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းဘင်ခရာတီးဝိုင်းအဖွဲ့တို့မှ တေးသီချင်းအကအလှများဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ကြသည်။ ထို့နောက် လူရည်ချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို တိုင်းဒေသကြီးအဆင့်နှင့် မြို့နယ်အဆင့် ဆောင်းပါး၊ ကာတွန်း၊ စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရကျောင်းသား/သူများအား တာဝန်ရှိသူများကဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာရဲညွန့်၊ ယာယီမြို့နယ်ပညာရေးမှူး ဦးခိုင်မင်းအောင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးချိုဆန်းလွင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းတာဝန်ခံများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)