ပန်းတောင်း ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဥ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကိုယမန်နေ့ ညနေ ၃ အချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ညီ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းတို့မှသင်တန်းသားများအား အရန်မီးသတ် တူညီဝတ်စုံများပေးအပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။သင်တန်းကာလမှာ ဇန်နဝါရီ (၂)ရက်နေ့မှ (၂၇)ရက် နေ့ထိ(၂၅)ရက်တာကာလဖြစ်ပြီး သင်တန်းသားဦးရေ (၅၀)ဦးခန့်တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)