အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်​ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သဲကုန်း ဇန်နဝါရီ ၃

ပဲခူးတိုင်း​​​ဒေသ​ကြီး နတ္တလင်းခရိုင် သဲကုန်းမြို့နယ်တွင် ယနေ့နံနက် ၉ နာရီကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်​ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို   ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်​ထွေးမှ အဖွင့်အမှာစကား ပြောကြားပြီးသဲကုန်းမြို့နယ် ဒုတိယမြို့နယ် ​မီးသတ်ဦးစီးမှူး ဦးရန်​မျိုးအောင်မှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ပြောခဲ့ကြားသည်။

သင်တန်းတွင်မီးသတ်ဦးစီးဌာန၏ရည်မှန်းချက် တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ အခြားသောဘေးအန္တရာယ်များမှ  ကာကွယ်ရေးလုပ်ငန်းများကို  ပြည်သူအတွင်း စိမ့်ဝင်ပြန့်နှံစေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရက် သတ္တပတ် ၄ ပတ်ခန့်သင်ကြားပို့ချမှာ​ဖြစ်​ပြီး သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)