ဆင်ပေါင်ဝဲမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်၍ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် ပူစီဖောင်းဖောက်၊ မုန့်ကိုက်၊ မီတာ (၅၀)ကျား/မ၊ မီတာ(၁၀၀)ကျား၊ အားလူးကောက်၊ တစ်ချောင်းထောက်၊ ခြေစုံပူး၊ စကောရွက် ပြိုင်ပွဲများကို အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/သူများအား ပျော်ရွှင်စွာကစားခဲ့​ကြပြီး ဆုရရှိသူများအား ဇန်နဝါရီလ(၇)ရက်နေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)