(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရှေ့လမ်းမတော်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ကြို့ပင်ကောက် ဇန်နဝါရီ  ၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရှေ့လမ်းမတော်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများအား မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးတိုးအောင်လွင်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးထံနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးလှိုင်ထွဋ်ကိုထံသို့လည်းကောင်း တာဝန်ခံအင်ဂျင်နီယာမှ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့မိမြို့တစ်ဦးထံသို့အသီးသီးပေးအပ်ခဲ့ကြပြီ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ အရှေ့လမ်းမတော်လမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် ၁၈၈.၃ ကျပ်သန်းအကုန်အကျခံကာ လမ်းအရှည် ၁၁၆၄ ပေ အကျယ် ၅၅ ပေ ထု ၈ လက်မဖြင့်ဆောင်ရွက်ပေးခဲ့ရာ မြို့၏ အဓိကကျသော အရှေ့လမ်းမ‌ တော်လမ်းကြီးအား အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)